သို့ …… မနှင်းဖြူ
ကျွန်တော်ထံ သို့ ….ထို သို့ သောနေ့ တွင်……
အပြာရောင် ငှက်တစ်ကောင်ကိုက်ချီလာသော ပန်းနုရောင် အိမ်မက်ကို အဖြူရောင်တံခါး တွင်တွေ့ ရှိရသည်….။။
ကမ္ဘာ မြေတစ်ခုလုံး ပန်းဝတ်မှုန်များ ဖုံးအုပ်သွား၏… ကျွန်တော့အတ္တ တစ်ချို့ လည်း ကျ ရှုံးသွားသည်….။။
အပြာရောင်ငှက်သည် သူမဖြစ်၍ ပန်းနုရောင် အိမ်မက်သည် မျှော်လင့်ချက်ဖြစ်ကာ အဖြူရောင်တံခါးသည် ကျွန်တော့်
နှလုံးသားဖြစ်သည်…။။ လိပ်စာမပါသော အချစ်အတွက် ကံ ကြမ္မာ ကို ရခိုင်မုန့် တီတိုက်ရမည်….။ ည ရဲ့ 
ကြယ်တစ်ပွင့် ကျွန်တော့် ရင်ခုန်သံတွေ ကိုတွေ့ ရှိခဲ့ခြင်းဖြစ်သည်….။။
ကျွန်တော့်ထံတွင် ထီးတစ်လက် ရှိပါသည်..။ထို ထီးကလေးဖြင့်
သုံးရာသီစလုံး သူမအား အုပ်မိုးနွေးထွေးစေမည်…။ အချိုမြိန်ဆုံး စကားလုံးများနှင့် ခေါင်းငုံချော့မြူမည်..။သူမရဲ့ 
နွမ်းလျ မှုများကို အပြုံးများ အဖြစ် ပြောင်းလဲပေးမည်….။ သူမအိမ်မက်များကို ရွှေရောင်တောက်အောင် ဖန်ဆင်းပေးမည်…..။
ထိုနေရာက စောင့်ပါ …. မနှင်းဖြူ ကျွန်တော်က ပန်းတွေ မကြွေမွ
ရအောင် ကျေးငှက်ကလေးတွေ လန်းမနိုးရအောင် ညင်သာဖွဖွ တိုးလျှောက်ခဲ့ပါမယ်….။
ထိုနေရာကပဲ…..စောင့်ပါ မနှင်းဖြူ
ကျွန်တော် နဲ့  မနှင်းဖြူ …… သက်တံကွေးပေါ် တိမ်ရုပ်ရေး ချိုသာတေး ဆို ကြမည်…..။။
ညချမ်းရဲ့  ကြယ် နဲ့  တယ်လီဖုန်းထဲ မှာ တွေ့ ဆုံ ကြမည်……။။
ဒီလို အညတရကောင် ရဲ့  အတ္တ ဟာ မနှင်းဖြူ ရဲ့  ချိုသာလွင်တဲ့ အသံအောက်မှာ အခါခါသေဆုံးနေတယ်ဆို တာ မနှင်းဖြူတစ်ယောက် သိပါလေစ……။။
အချစ်နဲ့  ပတ်သတ်လို့  တစ်စုံတစ်ယောက်က ကိုယ့်အတွက် ဘာမှ ပေးမလာတာ
ထက်စာရင် တစ်စုံတစ်ယောက် ကိုယ်ပေး လိုတာကို လက်မခံပဲ ငြင်းပယ်မှာ ကျွန်တော်ပိုပြီး စိုးရိမ်မိပါတယ်…။
အရှုံး နဲ့  အမြဲ ရင်ဆိုင်နေရသူ တစ်ယောက်အတွက် ကံဆို တာ အကောင်းဆုံး
ယိုးမယ်ဖွဲ့ နိုင်တဲ့  လက်သုံးစကားပဲ ဆို ကျွန်တော် သိထားပါတယ်… မနှင်းဖြူ…။။
မနှင်းဖြူ ရဲ့  စကားသံတွေ နဲ့ …. အိပ်ဆက်နေရတဲ့ လူတစ်ယောက်ရှိတယ်ဆို တာသိထားပေးပါ …. မနှင်းဖြူ….။။
မနှင်းဖြူ က ကျွန်တော့်ဘ၀ရဲ့ မာတိကာ ၊ ကျွန်တော့်ရဲ့  နိဒါန်း ၊ ကျွန်တော့်ရဲ့ 
ပစ္စုပ္ပန်ပါ မနှင်းဖြူ………..။
အပြာရောင် စွတ်စိုသော ကောင်းကင်၏အိပ်ရာထက်တွင် လိပ်ပြာတစ်ကောင် ၏ နှလုံးသားသည် တယ်လီဖုန်းတစ်လုံးယောင်ဆောင် နေသည်မှာကြာပါပြီ …. မနှင်းဖြူ။ ။
မနှင်းဖြူ သည်…ရခိုင်မုန့် တီ ကြိုက်တတ်သည်။ ကြည်လဲ့လဲ့ဦး နှင့်တူသူဖြစ်သည်..(သူမအပြောနှင့် ကျွန်တော့်စိတ်ထင်)။
မနှင်းဖြူ…………….. ဒီနာမည်ဟာ ကျွန်တော် မကြာခဏ ရွတ်ဖတ်ဖြစ်တဲ့ ဂါထာတစ်ပုဒ်ဖြစ်တယ်….။။
မနှင်းဖြူ ရဲ့  လက်ဖ၀ါးထဲ မှာ ကမ္ဘာတစ်ခုရှိသည်…. ။ ရူး…. တိုးတိုး…….. !
ဒီစကားသာ နာဆာ စခန်း က ကြားသွားခဲ့ရင် မနှင်းဖြူ အတွက် အန္တရာယ်ရှိနိုင်၍မိတ်ဆွေ…. နှုတ်လုံပါစေ…..။။
တစ်ခါတစ်ရံ မနှင်းဖြူ ရဲ့  အသံကို ကြားယောင်နေမိသည်…။(သူမ ရုံးခန်းကို ကျွန်တော်ဖုန်းဆက်သောအခါ လူကြီးတစ်ယောက်လို စကားပြန်ပြောတတ်သည်) တစ်ခါတစ်ရံ အပြစ်ကင်းသော ကလေးတစ်ယောက်နှင့် တူသည်….။ (ညဘက်ဖုန်းပြောသောအခါ ကလေးတစ်ယောက်လို လွတ်လပ်စွာပြောတတ်သည်)
မနှင်းဖြူ …….. အမိန့် မပါပေမဲ့… သံယောဇဉ် နှောင်ကြိုးများနှင့် အချစ်ကို ဆက်လက်ထမ်းပိုးထား ရန် ကျွန်တော့်တွင် တာဝန်ရှိသည်…..။ တယ်လီဖုန်း ၊ ညရဲ့  ကြယ် ၊
ထို အရာများ က ကျွန်တော့် ရဲ့  အမှတ်တရတို့ ဖြစ်ကြသည်…။။
ထိုအရာများကို အချစ်ဟုခေါ်ပါက ကျွန်တော် မနှင်းဖြူ ဆိုသော သူမ ကို ချစ်ပါသည်…………….။။။။။။
တစ်သုံးလုံးဆိုတာ အချိန် ဘယ်လောက် ကြာလဲ ကျွန်တော် မသိပါဘူး.. မနှင်းဖြူ
ဒါပေမဲ့….. ကျွန်တော် သိတာ က… အဲဒီတစ်သက်လုံးရဲ့  နောက်ရက်ထိ
မနှင်းဖြူ ကို ချစ်သွားမယ်ဆိုတာ ပါ ပဲ……..။။
တစ်ဘ၀စာ ရည်ရွယ် ပြီး ပြောခဲ့တဲ့ စကားမို့  … လေးလေးနက်နက် စဉ်းစားပေးစေချင်ပါတယ်… မနှင်းဖြူ…..။။