ရုပ်ရှင်တို နှင့် အချစ်ဝတ္ထု
September 19, 2009 by rightwinterandjuly“ဟုတ်ယောင်ထင်မှုများ ကိုဝတ်ဆင်ခြင်း “
September 19, 2009 by rightwinterandjulyပေါက်ကွဲမှုလေ…………..။။။
” မျက်ရည်လွယ်တယောတစ်လက်ရဲ့  သီချင်း “
September 19, 2009 by rightwinterandjulyကျွန်တော် မိုးပေးခဲ့တဲ့ အရိပ်ထက်
သူချိုးသွားတဲ့ အခက် က ပိုရှည်တယ်…..။။
အလွမ်းနဲ့  အစာချက်တော့
ရွက်ကြွေတွေ များ……………
ဒဏ်ရာလည်း ဂရုမစိုက်အားခဲ့….။
ချစ်သူရေ…. အဲဒီနေ့  မနက်
နိုးလာမဲ့ အချိန်မှာ…………
မင်းကိုမမြင်ရတော့ တာ ကိုပဲ
ကြေ
ကွဲ
တယ်………………..။။
ငါတို့  အဖြစ်မှာ……
ငါပြော ခဲ့ သမျှ က ” အလွမ်း ” ဆို
ငါမပြောခဲ့ သမျှ က ” ဒဏ်ရာ “တွေ ပဲ
လှေ နဲ့ နေမျာ လှေ နဲ့ လိုက် ဆိုသလို
မျောနေ တဲ့ အလွမ်းနေ ကို ဘာနဲ့ လိုက် ရမလဲ……။။
ဒဏ်ရာတောအုပ်ထဲ ကြင်နာခြင်းကိုမှ အနံ့ ခံ ချင် တဲ့ ငါ
ဒဏ်ရာတွေ နဲ့  မြစ်လို စီးဆင်းခဲ့ ရတာ
မ
ဆန်း
ပါ
ဘူး
လေ……………………။။
လွဲမှားမှု သံချောင်းခေါက်သံ အတိုင်း
ငါ့နားရွက်တွေ က လမ်းလျှောက် တတ်လာတယ်…..။
ရင်မှ ပျံသန်းသွားတဲ့ နှစ်
အတိတ်ကို အရိပ် အဖြစ် အလံတင်ထားသူ……
ပန်းပွင့် က သူ့ ရနံ့ သူရှာ တွေ့ တဲ့ ရင် ခုန်သံ နဲ့ 
ညအပြာတွေ အကြောင်း ………..
စာရွက် အလွတ်ပေါ် တဖွဲ့  တနွဲ့  တင်မိတော့
ခံ
စား
မှု
က
စကားလုံးတွေ ဆီ အနံ့  အသက်မျှ မပါ……..။။
စိတ်ရဲ့  အမည်မပေး ရသေးသော အရသာများ
ပဲ့တင်ထပ် သေဆုံးနေ……..
သစ္စာတရားကိုပဲ အသံထွက်အောင်
တီးခတ်ပြာနှမ်းနေမိရဲ့ ……….။
အခုတော့………
အ
လွမ်း
ပြေ
စိတ်ချင်းပွတ်သပ်ချွဲ့  နွဲ့ နေကြတော့ရုံပဲ…………..။။
အ
ခု
တော့
အလွမ်းပြေ……….
စိတ်ချင်းပွတ်သပ်ချွဲ့  နွဲ့ နေကြတော့ ရုံပဲ……………။။
ရုပ်ရှင်ရုံ
September 19, 2009 by rightwinterandjulyသူတို့ ရဲ့  အားလပ်ရက်ကို
ငါ့ဆီခဏခဏလာပုံချကြတယ်
ငါ့ရင်ခွင်ထဲကို ၀င်ခွင့်ရဖို့ 
သူတို့ ပဲမှောင်ခို လုပ်ကြပြန်တယ်….
တစ်ချို့  က ငြီးတွား………….
တစ်ချို့  က ဂျီး (ဂျေး)များတယ်………….
ကားလိပ် ဖွင့်တော့ ငါ့ကိုလေးစားကြ(တစ်ချို့ )…….
ငါဖန်ဆင်းမယ့်အရာတွေ ကို
သူတို့ တွေ အငမ်းမရဖြစ်ကြပြန်ရော……။ ။
ပကာသနတွေ ကိုလည်း
ငါ့ထပ်ခိုးပေါ်တင်ကာ မျက်နှာလုပ်ရသေးတယ်….
မခန့် လိုက်ပုံများ…….
ငါ့ရင်ခွင်ကို ဆားနဲ့ တို့ 
အမှိုက်ရှုတ်ကြပြန်တယ်……။ ။
အဲဒီမှာ……….ငါက
ဘာသာစကားမျိုးစုံ ခင်းကျင်းပြရတယ်
ရသမျိုးစုံ ချကျွေးရတယ်……
ငါ……… ဟာသလုပ်ရင်
သူတို့ ရယ်ကြ……
ငါ……… လွမ်းလို့  ငိုတဲ့အခါ
သူတို့  ၀မ်းနည်းကြ……
ငါ……… ကြမ်းပြရမ်းပြတဲ့အခါ
သူတို့  အံ့အားသင့်ကြ……
ငါ့ရင်ခွင်ထဲမှာပဲ …..
စစ်ပွဲပေါင်းများစွာဖြစ်ပြီး
မျက်ရည်ပေါင်းများစွာစီးကြ
လူပေါင်းများစွာက သေချင်ယောင်ဆောင်ကြ
ပြီးတော့………………………
နာပျော်ဖွယ်ကောင်းတဲ့ ဂီတသံတွေ ဖန်ဆင်းခိုင်းပြီး
ပျော်ရွှင်စွာနဲ့  ကခုန်ကြပြန်တယ်…….။ ။
တစ်ခါတစ်လေမှာတော့….
ငါ့မျက်နှာကို လျစ်လျူရှု ထားပြီး
သူတို့ ဇာတ်လမ်းကို သူတို့  ပြန်က
သူတို့  အိမ်မက်ကိုသူတို့ ပြန်ရှာဖွေကြပြန်တယ်…..။ ။
ဒီလို နဲ့ ……. စာတန်းထိုးပြီး
နေ့ တစ်နေ့ ရဲ့  နောက်ဆုံး အချိန်ကိုရောက်ခါမှ
ကိုယ်စီကိုယ်စီ ဖုန်တွေ ခါပြီး ထသွားကြပါရော
အဲဒီနောက်………
ငါ့ဖာသာငါ မနက်ဖြန်အတွက် စဉ်းစားရင်း
အေးအေးဆေးဆေး အိပ်မောကျရတော့တယ်…………….။ ။ ။ ။ ။
” ပွင့်ချပ်ဝါပေါ်မှ လိပ်ပြာတစ်ကောင်၏ အရိုးစု “
September 19, 2009 by rightwinterandjulyကြယ်ပွင့်တွေ ကောင်းကင်မှာ ဟိုတစ်စု ဒီတစ်စုပြန့် ကျဲနေကြသည်…။
အိမ်မက်လို ရီဝေသော ကတ္တီပါ ရွှေရောင်အလင်းဖြင့် စန္ဒာ သည် သူမ၏ ဆံပင်များ မှ ရနံ့ လို ခပ်မွှေးမွေးသင်းပျံ့ နေ၏….။
အမှောင်ကြိုက်တဲ့ လင်းနို့ တွေ အိပ်စက်နားနေကြပါစေ…….။
ကြယ်တစ်ပွင့်ကြွေ ကျ သွား သည်ကို မြင် ရ၏…..။ ကျီးကန်းနားခိုက် ဖြစ်ချင်ဖြစ်နိုင် သည်…..။
ဝေးကွာလွန်းလှ သော ဟိုး….အဝေးဆီမှာ အတွေးတွေ ပျံသန်းနေရတာ ပဲ….မဟုတ်လား….။
ပန်းပွင့် ၀တ်ဆံတစ်ချို့  ၊ မျက်ရည်တစ်ချို့  ဖြင့် ရက်လုပ်ထားသည့် အိမ်မက်များ အကြောင်း ပြောပြချင်ပါသည်…။။
အိမ်မက်အတိုင်း မျောပါသွားပြီး ကမ်းခြေ တစ်ခုသို့ ရောက် သွားရာ…မျက်တောင်တစ်ခတ်တွင် သက်တန့်  က သူမကိုနမ်းရှိုက် လိုက်သည်…။
ကျွန်တော် နှင့်သူမကြားတွင် နေမ၀င်အင်ပါယာရှိသည်……။
အိမ်မက်မှ မနိုးမှီမှာပင် မျက်လုံးများ တံခါးဖွင့်လိုက်၏…..။
ထိုညကနွေရာသီမို့  ထင်သည်… နှင်းများ အဆုပ်လိုက် ကျနေကြသည်…..။
ပျင်းရိစရာကောင်းသော သီချင်းသံတစ်ချို့  တစ်နေရာမှ လွင့်ဝဲလာသည်….။
မိုးစက်တွေ ရေငွေ့ ပျံချလိုက်သော အခါ မြေသင်းနံ့ များမွှေးပျံ လာလိမ့်မယ်….။
ကြွေခါနီးဆဲဆဲ နက္ခတ်တာရာတစ်လုံးရဲ့  သေတမ်းစာဟာလည်းဟိုး…အလင်းနှစ်သန်းပေါင်းများစွာရဲ့ တစ်နေရာရာမှာ ငိုရှိုက်နေလိမ့်မယ်…။
ပြီးတော့………………
အထီးကျန်သူတစ်ယောက်ရဲ့  ညဟာလည်း တိတ်ဆိတ်ပေါက်ကွဲနေလိမ့်မယ်……။။
၃။
တမ်းတခြင်း မြစ်ထဲမှာ ပန်းပွင့်လှေ တစ်စင်းနစ်သွားသည်…။အလွမ်းတွေ ခရမ်းရောင်စေးပျစ်သွားကြ၏…..။
ဆောင်းရာသီမှာ ကြေကွဲစွာအော်ကျစ်တတ်သော ပုစဉ်းရင်ကွဲများလွမ်းသည်….။
ချော့ကလက်ရောင်ထနေသော အတိတ်ကိုလွမ်းသည်…..။
ချစ်သူ၏ လက်ပေါ်မှ မွှေးညှင်းနုနုလေးများကို လွမ်းသည်….။
ညှင်သာဖွဖွ ပွတ်တိုက် သွားသည့် အနမ်းထွက်သက်နွေးနွေးကိုလွမ်းသည်…။
ပွင့်ချက်ဝါ၀ါလေးများကိုလည်းလွမ်းသည်…..။
လွမ်းဖြစ်စရာတွေ ကို ယွန်းသေတ္တာ မှာထည့် သိမ်းထားပါသည်…။။
တစ်နာရီလား………တစ်နှစ်လား………ဆယ်နှစ်လား……။။
နောက်ထပ်ဘယ်လောက်များများလွမ်းနေရဦးမှာ လဲ……။
Dota တစ်ပွဲခုပ်စာ ဖြစ်နိုင်သည်……။ ကွန်နက်ရှင်ကောင်းသော 40MB စာ Download ဆွဲချိန်လည်းဖြစ်နိုင်သည်…။
အချိန်ဆိုသည်မှာ ဘာကိုခေါ်သလဲ……..(နာရီပေါ်မှ လက်တံများ၏ရွေ့ လျားနိုင်ဟုယေဘုယျ ပြောနိုင်မည်ထင်သည်..)။
၎။
ချစ်သူကိုလွမ်းရန် အတိတ်ကို သံပတ်ပေးဖို့  (နှိုးစက်ပါသော) နာရီတစ်လုံး လိုပါသလား….။
ပါးလျားနူးညံ့ စွာ လွင့် ပျံ လာတတ်သော ပွင့်ချက်ဝါ၀ါလေး၏ ကိုယ်သင်းနံ့ သည် ခရမ်းရောင်ဖြစ်၏….။
ပွင့်ချပ်ဝါ ၀တ်ဆံပေါ်မှာ နားနေသော အရာကို လိပ်ပြာတစ်ကောင်ဟုထင်လိုက်မိသေးသည်….။
သေသေချာချာကြည့်လိုက်သော အခါတွင်မှ ၀ိဥာဉ်တစ်ကောင်ဖြစ်နေမှန်းတွေ ရသည်….။
အလင်းသည်နူးညံ့ ပျော့မှိုင်းလျှက်ရှိ၏…….။
သစ်ရွက်တစ်ချို့  ရွှေအိုရောင်တောက်ပစွာကြွေ…ကြွေကျနေကြသည်….။
အရိုးစုတစ်ခု ပါးပြင်ပေါ်တွင် မျက်ရည်စများနှင့်အတူ အေးချမ်းငြိမ်သက်စွာရှိနေလေသည်…..။
” ဤ ၀ါကျသည် ဤကဗျာ၏ခေါင်းစဉ်ဖြစ်သည် “
September 19, 2009 by rightwinterandjuly” ဤ ၀ါကျသည် ဤကဗျာ၏ခေါင်းစဉ်ဖြစ်သည် ”
ဘ၀မှာ ထပ်တူဖြစ်ဖို့ အော့အန်ရ
အဲဒီတိတ်ဆိတ်မှုဟာ….
ငါကောင်းရင် ငါ့ကိုပြန်ကောင်းကြလိမ့်မဲ့ဝါဒ
ဘုရားသခင်က လက်ပတ်နာရီရှာနေတုန်း
သူ့  တာလီတွေ ငါခိုးခဲ့တယ်……….
မနေ့ က အသက်ဟာ ဆက်ထုံးတွေများခဲ့ပြီ……….။ ။
၁။ ။ ကိုယ့်မျက်ရည် က ကိုယ့်ပြန်လောင်ကျွမ်းလို့ 
၂။ ။ သေမင်းက နာရီလက်တံပေါ်မှာ တွဲလောင်းချိတ်နေတယ်
၃။ ။ လက်သည်းချွန်ချွန် နာမ်စားတစ်ခု ငါ့ ကို ကုတ် ဖဲ့
၎။ ။ ” အစစ် ” ရဲ့  အရည်အသွေးတွေ သူ့ မှာရှိရင် ” အတု ” ကို အမည်ပြောင်းပေးဖို့ လိုတယ် (ခက်တာပဲ)
၅။ ။ ငါ့ကံက ကမ္မသကာ (သို့ ) every things is all the best
၆။ ။ …….. …….. ……… ……..
၇။ ။အမြစ်ထဲမှာ ……စောင့်ဆိုင်းနေရှာတဲ့ ပန်းလေးတစ်ပွင့်
ဘယ်သော့နဲ့  ဖွင့်ရမလဲ…….မေမေ ။။
နေမ၀င် ဒဏ်ရာ
June 30, 2009 by rightwinterandjuly……….ရေ
ဆည်းဆာတိုင်းဟာ
ငါ့ ဒဏ်ရာတွေကို
နေအ၀င်မခံခဲ့ဘူး…..။။
ဆန်းတော့ အဆန်းသား
ငါ့စိတ်ကူးတွေ
နင့်ဆီမှာ……
ရက်မလည်နိုင်ပုံများ…..။။
အတိတ်မှ…..
ငါ့…..
ကိုယ်…..ငါ
ထမ်း…. ပြန်ခဲ့တယ် ။။
ကဗျာပေါ်က
ဒဏ်ရာကို
စကားလုံးနဲ့ ဖုံးကွယ်
ဒီလိုနဲ့ ………..
ချုပ်ရိုးပေါ် ချုပ်ရိုးထပ်
အလွမ်းလေ နဲ့  အဖျားတက်ခဲ့ပေါ့……။။
ကိုယ့်အနာဂတ်ကိုယ်သာသိနဲ့ 
မက်ပြီးသား အိမ်မက်တွေကို ပဲ
ဆက်ဖွင့်……………
နေမ၀င်မချင်း………..။။။
သို့….. မနှင်းဖြူ
June 21, 2009 by rightwinterandjulyသို့ …… မနှင်းဖြူ
ကျွန်တော်ထံ သို့ ….ထို သို့ သောနေ့ တွင်……
အပြာရောင် ငှက်တစ်ကောင်ကိုက်ချီလာသော ပန်းနုရောင် အိမ်မက်ကို အဖြူရောင်တံခါး တွင်တွေ့ ရှိရသည်….။။
ကမ္ဘာ မြေတစ်ခုလုံး ပန်းဝတ်မှုန်များ ဖုံးအုပ်သွား၏… ကျွန်တော့အတ္တ တစ်ချို့ လည်း ကျ ရှုံးသွားသည်….။။
အပြာရောင်ငှက်သည် သူမဖြစ်၍ ပန်းနုရောင် အိမ်မက်သည် မျှော်လင့်ချက်ဖြစ်ကာ အဖြူရောင်တံခါးသည် ကျွန်တော့်
နှလုံးသားဖြစ်သည်…။။ လိပ်စာမပါသော အချစ်အတွက် ကံ ကြမ္မာ ကို ရခိုင်မုန့် တီတိုက်ရမည်….။ ည ရဲ့ 
ကြယ်တစ်ပွင့် ကျွန်တော့် ရင်ခုန်သံတွေ ကိုတွေ့ ရှိခဲ့ခြင်းဖြစ်သည်….။။
ကျွန်တော့်ထံတွင် ထီးတစ်လက် ရှိပါသည်..။ထို ထီးကလေးဖြင့်
သုံးရာသီစလုံး သူမအား အုပ်မိုးနွေးထွေးစေမည်…။ အချိုမြိန်ဆုံး စကားလုံးများနှင့် ခေါင်းငုံချော့မြူမည်..။သူမရဲ့ 
နွမ်းလျ မှုများကို အပြုံးများ အဖြစ် ပြောင်းလဲပေးမည်….။ သူမအိမ်မက်များကို ရွှေရောင်တောက်အောင် ဖန်ဆင်းပေးမည်…..။
ထိုနေရာက စောင့်ပါ …. မနှင်းဖြူ ကျွန်တော်က ပန်းတွေ မကြွေမွ
ရအောင် ကျေးငှက်ကလေးတွေ လန်းမနိုးရအောင် ညင်သာဖွဖွ တိုးလျှောက်ခဲ့ပါမယ်….။
ထိုနေရာကပဲ…..စောင့်ပါ မနှင်းဖြူ
ကျွန်တော် နဲ့  မနှင်းဖြူ …… သက်တံကွေးပေါ် တိမ်ရုပ်ရေး ချိုသာတေး ဆို ကြမည်…..။။
ညချမ်းရဲ့  ကြယ် နဲ့  တယ်လီဖုန်းထဲ မှာ တွေ့ ဆုံ ကြမည်……။။
ဒီလို အညတရကောင် ရဲ့  အတ္တ ဟာ မနှင်းဖြူ ရဲ့  ချိုသာလွင်တဲ့ အသံအောက်မှာ အခါခါသေဆုံးနေတယ်ဆို တာ မနှင်းဖြူတစ်ယောက် သိပါလေစ……။။
အချစ်နဲ့  ပတ်သတ်လို့  တစ်စုံတစ်ယောက်က ကိုယ့်အတွက် ဘာမှ ပေးမလာတာ
ထက်စာရင် တစ်စုံတစ်ယောက် ကိုယ်ပေး လိုတာကို လက်မခံပဲ ငြင်းပယ်မှာ ကျွန်တော်ပိုပြီး စိုးရိမ်မိပါတယ်…။
အရှုံး နဲ့  အမြဲ ရင်ဆိုင်နေရသူ တစ်ယောက်အတွက် ကံဆို တာ အကောင်းဆုံး
ယိုးမယ်ဖွဲ့ နိုင်တဲ့  လက်သုံးစကားပဲ ဆို ကျွန်တော် သိထားပါတယ်… မနှင်းဖြူ…။။
မနှင်းဖြူ ရဲ့  စကားသံတွေ နဲ့ …. အိပ်ဆက်နေရတဲ့ လူတစ်ယောက်ရှိတယ်ဆို တာသိထားပေးပါ …. မနှင်းဖြူ….။။
မနှင်းဖြူ က ကျွန်တော့်ဘ၀ရဲ့ မာတိကာ ၊ ကျွန်တော့်ရဲ့  နိဒါန်း ၊ ကျွန်တော့်ရဲ့ 
ပစ္စုပ္ပန်ပါ မနှင်းဖြူ………..။
အပြာရောင် စွတ်စိုသော ကောင်းကင်၏အိပ်ရာထက်တွင် လိပ်ပြာတစ်ကောင် ၏ နှလုံးသားသည် တယ်လီဖုန်းတစ်လုံးယောင်ဆောင် နေသည်မှာကြာပါပြီ …. မနှင်းဖြူ။ ။
မနှင်းဖြူ သည်…ရခိုင်မုန့် တီ ကြိုက်တတ်သည်။ ကြည်လဲ့လဲ့ဦး နှင့်တူသူဖြစ်သည်..(သူမအပြောနှင့် ကျွန်တော့်စိတ်ထင်)။
မနှင်းဖြူ…………….. ဒီနာမည်ဟာ ကျွန်တော် မကြာခဏ ရွတ်ဖတ်ဖြစ်တဲ့ ဂါထာတစ်ပုဒ်ဖြစ်တယ်….။။
မနှင်းဖြူ ရဲ့  လက်ဖ၀ါးထဲ မှာ ကမ္ဘာတစ်ခုရှိသည်…. ။ ရူး…. တိုးတိုး…….. !
ဒီစကားသာ နာဆာ စခန်း က ကြားသွားခဲ့ရင် မနှင်းဖြူ အတွက် အန္တရာယ်ရှိနိုင်၍မိတ်ဆွေ…. နှုတ်လုံပါစေ…..။။
တစ်ခါတစ်ရံ မနှင်းဖြူ ရဲ့  အသံကို ကြားယောင်နေမိသည်…။(သူမ ရုံးခန်းကို ကျွန်တော်ဖုန်းဆက်သောအခါ လူကြီးတစ်ယောက်လို စကားပြန်ပြောတတ်သည်) တစ်ခါတစ်ရံ အပြစ်ကင်းသော ကလေးတစ်ယောက်နှင့် တူသည်….။ (ညဘက်ဖုန်းပြောသောအခါ ကလေးတစ်ယောက်လို လွတ်လပ်စွာပြောတတ်သည်)
မနှင်းဖြူ …….. အမိန့် မပါပေမဲ့… သံယောဇဉ် နှောင်ကြိုးများနှင့် အချစ်ကို ဆက်လက်ထမ်းပိုးထား ရန် ကျွန်တော့်တွင် တာဝန်ရှိသည်…..။ တယ်လီဖုန်း ၊ ညရဲ့  ကြယ် ၊
ထို အရာများ က ကျွန်တော့် ရဲ့  အမှတ်တရတို့ ဖြစ်ကြသည်…။။
ထိုအရာများကို အချစ်ဟုခေါ်ပါက ကျွန်တော် မနှင်းဖြူ ဆိုသော သူမ ကို ချစ်ပါသည်…………….။။။။။။
တစ်သုံးလုံးဆိုတာ အချိန် ဘယ်လောက် ကြာလဲ ကျွန်တော် မသိပါဘူး.. မနှင်းဖြူ
ဒါပေမဲ့….. ကျွန်တော် သိတာ က… အဲဒီတစ်သက်လုံးရဲ့  နောက်ရက်ထိ
မနှင်းဖြူ ကို ချစ်သွားမယ်ဆိုတာ ပါ ပဲ……..။။
တစ်ဘ၀စာ ရည်ရွယ် ပြီး ပြောခဲ့တဲ့ စကားမို့  … လေးလေးနက်နက် စဉ်းစားပေးစေချင်ပါတယ်… မနှင်းဖြူ…..။။
Hello world!
June 21, 2009 by rightwinterandjulyWelcome to WordPress.com. This is your first post. Edit or delete it and start blogging!